Saturday, September 29, 2007

နအဖကတော့အစွမ်းကုန်ယုတ်မာနေပြီ

ဧရာဝတီ | စက်တင်ဘာ ၂၉၊ ၂၀၀၇

ရန်ကုန် - အဖမ်းခံရသည့် သံဃာတော်များကို သင်္ကန်းချွတ်ပြီးစစ်အစိုးရ၏အထူးခုံရုံးကထောင်ဒဏ် ၆ နှစ်စီချမှတ်လိုက်သည်ဟု
ရန်ကုန်ရှိ ဆရာတော်တပါးက ဧရာဝတီကို မိန့်ကြားသည်။ထို့အပြင် သံဃာတော်များအားထောင်ဒဏ်ချမှတ်သည့် တရားခွင်က
ိုရန်ကုန်ရှိ ကျောင်းထိုင်ဆရာတော်နှင့် တိုက်အုပ်ဆရာတော်များအားခြိမ်းခြောက်သည့်သဘောဖြင့်ခေါ်ယူပြသခဲ့ကြောင်းတရားခွင်သို့
ကိုယ်တိုင် ခေါ်သွားခံခဲ့ရသည့် အဆိုပါဆရာတော်က မိန့်တော်မူသည်။“၂၆ရက်နေ့  ညနေပိုင်းက အာဏာပိုင်တွေက ဘုန်းကြီးတို့ 
ဘုန်းကြီးကျောင်းကိုလာပြီး ဆရာတော်ကိုလာပင့် တယ်။ အခြားကျောင်းကကျောင်းထိုင်ဆရာတော်တွေနဲ့ အတူပေါ့။ ဟိုရောက်တော့
သင်္ဏန်းချွတ်ပြီးလူဝတ်လဲခံထားရတဲ့ဘုန်းကြီး ၈ ပါးကို တရားရုံးထဲမှာတွေ့ ရတယ်။သူတို့ အားလုံးကုထောင်ဒဏ် ၆ နှစ်စီအရေးပေါ် ချမှတ်လိုက်တယ်” ဟု လည်း ဆရာတော်က ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက်နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့(အေအေပီပီ) ၏စာရင်းအရသံဃာတော်များစတင်ကံဆောင်
သည့်စက်တင်ဘာ ၁၇ နေ မှစ၍သံဃာတော်အပါး ၁၀၀၀ ခန့် အဖမ်းခံရကြောင်းသိရသည်။အဖမ်းခံရသည့်သံဃာတော်များကို အင်းစိန်
ထောင်နှင့် အင်းစိန် ဂျီတီအိုင် တို့တွင် ချုပ်နှောင်ထားကြောင်း စုံစမ်းသိရှိရသည်။

No comments: