Friday, September 28, 2007

ထိုင်း- မြန်မာ ချစ်ကြည်ရေးတံတားတွင် မေတ္တာပို့ဆုတောင်းပွဲကျင်းပ

မန်မာနိုင်ငံတွင်း သပိတ်မှောက်သံဃာနှင့်ပြည်သူများ အကြမ်းဖက်တိုက်ခိုက်ခံရသောကြောင့် မဲဆောက်ဒေသရှိမြန်မာနိုင်ငံသားများ
နှင့်မဲဆောက်ရောက်နိုင်ငံခြားသားပူးပေါင်းအင်အား(၂၀၀) ခန့်တို့ကယနေ့ညနေတွင် ထိုင်း- မြန်မာချစ်ကြည်ရေးတံတားအနီး၌
မြ၀တီမြို့ဘက်သို့ မျက်နှာမူကာမေတ္တာပို့ဆုတောင်းပွဲကျင်းပသည်။
သာမညဆရာတော်ဓာတ်ပုံများ၊ မြတ်စွာဘုရားပုံတော်များကိုင်ဆောင်ကာဖယောင်းတိုင်မီးထွန်း၍ မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက်
မေတ္တာပို့ကြသည်။မေတ္တာပို့နေစဉ် မဲဆောက်မြို့ပိုင် နိုင်ဆူချက်ဆူဝါနကာ ရောက်ရှိလာပြီးနှစ်နိုင်ငံအကြားမလိုလားအပ်သည့်ပြဿနာ
ဖြစ်လာနိုင်သည့်အတွက်မေတ္တာပို့အစီအစဉ်အား ရပ်နားပေးရန် မေတ္တာရပ်ခံ သဖြင့် လူစုခွဲလိုက်ကြသည်။မေတ္တာပို့သပွဲသို့မြ၀တီမြို့ခံ
များလည်း မြန်မာနိုင်ငံဘက်ခြမ်းမှ ငြိမ်သက်စွာကြည့်ရှုအားပေးကြသည်။မေတ္တာပို့ ဆုတောင်းပွဲ ကျင်းပအပြီး လက်မှတ်မရှိသူမြန်မာနိုင်ငံ
သား(၃၀)ခန့်သည် မဲဆောက် စစ်တပ်အနီး၌ထိုင်းစစ်တပ်နှင့် ရဲတို့၏ ဖမ်းဆီးခြင်းခံရသည်။

No comments: