Friday, September 28, 2007

သူတို့ လည်းမြန်မာပြည်သူတွေအတွက်စိုးရိမ်နေပါတယ်


မြန်မာပြည်သူများအတွက် အိပ်မပျော်နိုင်သည့် ဘိုနို
စက်တင်ဘာ ၂၈။ အေပီ။ ကာတွန်းသားငယ် (ဟစ်တိုင်)
အေပီ
ကမ္ဘာကျော် ယူတူးတီဝိုင်း၏ ရှေ့ထွက် အဆိုတော် ဘိုနိုသည် ယမန်နေ့က "A cross the Universe" ပရက်(စ်)ရှိုးတွင် "သူတို့ ရဲ့ အကြမ်းမဖက် လှုပ်ရှားမှုတွေကို ဆုံးခန်းတိုင် အောင်မြင်ပါစေလို့ တောင်းဆုပြုပါတယ်" ဟု အေပီ သတင်းဌာနသို့ ပြောဆိုသည်၊ `မနေ့ ကဆို သူတို့တိုင်းပြည်ရဲ့ ကြမ္မာဆိုးတွေကြောင့် ကျနော် ကောင်းကောင်းမွန်မွန် မအိပ်ခဲ့ရဘူး ကမ္ဘာသူ ကမ္ဘာသားတွေ သူတို့တွေကို စောင့်ကြည့်နေသင့်တယ်။ ဆက်လက်ပြီးတော့ သူတို့ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာကိုပေါ့´လို့ ဖြေဆိုသွား သည်။
ဒီ ယူတူး အဖွဲ့က ဘိုနိုဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အတွက် ဂုဏ်ပြုတဲ့ "Walk on" သီချင်းဟာ ယနေ့ထက်တိုင် အလွန်ကျော်ကြားပြီး ကမ္ဘာကျော် တေးဂီတ ထိပ်တန်းစာရင်းမှာ လအတော်များများ ထိပ်ဆုံးက နေရာမှာ ယူထားတဲ့ သီချင်းဖြစ်ပြီး၊ အမေရိကား အနောက်မြောက်ခြမ်းက (102 FM) Kink FM လိုင်းမှာ တရက်တခါ လွှင့်လေ့ရှိကြောင်း သိရှိရသည်။ ယမန်နေ့က ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား စစ်တပ်မှ ပစ်ခတ်နှိမ်နှင်းတာကို ကမ္ဘာ့ သတင်းမီဒီယာတွေ အတော်များများမှာ တွေ့လိုက်ရတဲ့ ဘိုနိုဟာ မြန်မာပြည်သူတွေနဲ့ အတူ စိတ်မကောင်းကြီးစွာ ဖြစ်ရကြောင်း ပြောဆိုသွားပါတယ်။
`ဗုဒ္ဓဘာသာ ဘုန်းကြီးတွေကို မြင်ရတာ အရမ်း ထူးကဲတာပဲဗျာ။ သူတို့ရဲ့ အကြမ်းမဖက် လှုပ်ရှားမှုဟာ အကျည်းတန် အခြေအနေ ကို အောင်ပွဲခံပါစေလို့ ကျနော် ဆုတောင်းပါတယ်´ဟု ဘိုနိုက ပြောကြားသည်

No comments: