Friday, September 28, 2007

စစ်တပ်ထဲမှာလည်းသဘောထားကွဲလွဲကုန်ကြပြီ



စစ်တပ် ထိပ်သီးများကြား သဘောထားကွဲ
ဧရာဝတီ | စက်တင်ဘာ ၂၈၊ ၂၀၀၇
လတ်တလော ဖြစ်ပွားနေသော လူထုဆန္ဒပြပွဲနှင့် ပတ်သက်ပြီး စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးတို့အကြား သဘောထားကွဲလွဲမှုများ ရှိနေကြောင်း အတည်မပြုနိုင်သေးသော သတင်းများအရ သိရသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သံတမန် အသိုင်းအ၀န်းမှ ပြောဆိုချက်အရ ဒုဗိုလ်ချုပ်မှူုးကြီး မောင်အေးသည် သံဃာတော်များနှင့် လူထုပါဝင်သည့် ဆန္ဒပြပွဲအပေါ် စစ်တပ်က ၃ ရက်မြောက် ပစ်ခတ်၍ အကြမ်းဖက်နှိမ်နင်းနေခြင်းအား သဘောတူညီမှု မရှိကြောင်းနှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရန် အစီစဉ်ရှိကြောင်းကို သိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှ ရန်ကုန်မြို့ပြင်ရှိ ရဲမွန်တပ်တွင်းသို့ ပြောင်းရွှေ့ထားသည် ဟုလည်း အဆိုပါ သံတမန်တဦးက ဧရာဝတီသို့ ပြောဆိုသည်။

No comments: