Thursday, September 27, 2007

ဝဋ်လည်မယ် သတိသာထားပေရော့

လူကြားလို့ မှမကောင်းပါဘူးအရပ်ကတို့ ရေ
ဘုရားရဲ့ သားတော်အကြမ်းမဖက်ဆန္ဒပြနေတဲ့ရဟန်းတွေကိုကျတော့ရက်ရက်စက်စက်နှိမ်နင်းသတ်ဖြတ်ပြီးတော့
ကိုယ့်ကလဲ့ကျတော့ကိုယ့်မိသားစုကိုထိခိုက်မှာစိုးလို့ တစ်ခြားနိုင်ငံကိုပို့ ထားသတဲ့၊
တော်တော်တရားကျစရာကောင်းလိုက်တာဗျာ။
ဗိုလ်ချုပ်ကြီးတို့ လိုပဲမြန်မာပြည်သူတွေကလည်းကိုယ့်မိသားစုကိုထိမှာကြောက်ကျတာချည်းပါပဲ။
ဒါပေမယ့်ဘာဖြစ်လို့ သွေးမြေကျခံ၊အနှိပ်စက်ခံ၊မိသားစုတွေသေကွဲ ကွဲခံပြီးဆန္ဒပြနေကြသလဲ။
ကိုယ်ချင်းစာကြည့်ပါဦး။စဉ်းစဉ်းစားစားလဲလုပ်ပါဦးဗျာ။ ဗိုလ်ချုပ်ကြီးတို့ မိသားစုမှလူမဟုတ်ပါဘူး။
ဘုန်းကြီးကိုတောင် ရိုက်ရဲတဲ့ငရဲမကြောက်တဲ့ ဗုဒ္ဓဘာသာဝင်အမည်ခံဗိုလ်ချုပ်ကြီးရေ ကိုယ့်ကလဲ့ကျတော့မနွဲ့ ကျစတမ်းပေါ့။
ဝဋ်လည်မှာကိုကြပ်ကြပ်သတိထားပါ။ အဲဒီအချိန်ဟာလဲသိပ်မလိုတော့ပါဘူးဗျာ။
ဘာလို့ ထွက်ပြေးဖို့ ကြံနေရတာလဲ။ကိုယ်လုပ်တာကိုယ်အသိဆုံးပါ။အခုတော့ထွက်ပြေးလို့ ရချင်ရပေမယ့်
ငရဲကိုတော့ရှောင်ပုန်းလို့ မရပါဘူးဆိုတာနှလုံးသွင်းထားပါ။
တပ်မတော်သားအပေါင်းတို့ ခင်ဗျား
တပ်မတော်သားတို့ ခေါင်းဆောင်ကြီးက ခင်ဗျားတို့ ကိုကျတော့ငရဲကြီးခံခိုင်း ဘုန်းကြီးကိုရိုက်ခိုင်းပြီး သူမိသားစုကျတော့တစ်ခုခု
ဖြစ်မှာစိုးရိမ်ပြီးနိုင်ငံခြားပို့ ထားပါသတဲ့။ အဲဒါကိုသာကြည့်ပါတော့။ ခေါင်းဆောင်ပီသရင်ဒီလိုမျိုးလုပ်စရာအကြောင်းမရှိပါဘူး၊
တစ်ကယ်ငရဲကြီးရတာကတပ်မတော်သားတွေ အကျိုးခံစားဖို့ ကခေါင်းဆောင်ကြီးတွေအတွက်ဖြစ်နေပါပြီ။
တပ်မတော်သားတွေ လုပ်သင့်တဲ့လမ်းကိုမှန်မှန်ကန်ကန်ရွေးချယ်နိုင်ကြပါစေ။


ဗိုလ်ချုပ် သန်းရွှေ မိသားစု လာအိုရောက်နေ
မဇ္ဈိမ သတင်းဌာန
စက်တင်ဘာလ ၂၇ ရက်၊ ၂၀၀၇ ခုနှစ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မိသားစုများ နိုင်ငံခြားသို့ ထွက်ပြေးသည် ဆိုသော ကောလာဟလများ မြန်မာလူထု အကြား ရေပန်းစားနေချိန် ဦးတေဇပိုင် အဲယား ပုဂံ လေယာဉ် တစီးကို လာအိုနိုင်ငံ ဗီယင်ကျင်းတွင် ရပ်နားထားသည်ဟု တွေ့မြင်ခဲ့ရသူများက မဇ္ဈိမ သို့ အကြောင်းကြားခဲ့ သည်။ထပ်မံ စုံစမ်းသိရှိရသည်မှာ ယနေ့ညနေ လာအို စံတော်ချိန် ညနေ ၆ နာရီတွင် ဗီယန်ကျင်း လေဆိပ်သို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစု၏ လူယုံတော် စီးပွားရေး လုပ်ငန်းရှင်ကြီး ဦးတေဇပိုင် အဲယားပုဂံ လေယာဉ် ဆိုက်ရောက်ခဲ့ပြီး ခရီးသည် ၈ ဦး ပါရှိသည်ဟု သိရသည်။စစ်အစိုးရနှင့် နီးစပ်သည့် သတင်းရပ်ကွက် တခုက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဇနီးနှင့် မိသားစုဝင် အရင်းအချာများ ဖြစ်သည်ဟု ဆိုသည်။ထို့အပြင် ဗိုလ်ချုပ်မှူးကြီး မိသားစုသည် အလည်အပတ် သဘောမျိုး သွားရောက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

No comments: