Tuesday, July 1, 2008

“တွဲလက်ညီညီ အောင်ပွဲဆီသို့ ”



အဝေးနိုင်ငံရောက် သွေးသောက်ရဲဘော်
ရဲရဲတောက်တွေးခေါ် ဒီမိုကရေစီအော်ပြီး
သဘောတရားမပါ ဆင်ကန်းတောတိုး
လက်တွေ့ မပါရင် မပြုံးနဲ့ နော်။


တွေးခေါ်ဆင်ခြင် အမှန်မြင်မှ
အာဏာရှင်များရက်စက်
သွေးသားခန္ဓ္ဓာပေးဆပ်
သန်း ၅၀ ကျော် ပြည်သူတွေ
မြန်မာပြည်မှာ ခံနေရတာ
တွေဝေပြီး မမေ့နဲ့ ဦး။

ဒုတိယနိုင်ငံမှာ
မရေရာတဲ့ အဖြစ်တွေနဲ့ 
တော်လှန်ရေးနယ်မြေအတွက်
အခက်အခဲများစွာနဲ့  ဖြေရှင်း
တိုက်ပွဲဝင်နေသူတွေကို မမေ့နဲ့ ဦး။

မပြီးဆုံးသေးတဲ့ တိုက်ပွဲမှာ
မြန်မာပြည်ထဲက ပြည်သူတွေရယ်
ဒီမိုကရေစီ အတွက်
လက်နက်စွဲကိုင်နေသူတွေရယ်
တတိယနိုင်ငံမှာ
မီဒီယာသမားတွေရယ်
သုံးပွင့်ဆိုင်စွမ်းအား လက်တွဲထားပြီး
ဘုံရန်သူ စစ်အာဏာရှင်ကို
တိုက်ပွဲဝင်သွားမယ်။

ဒီမိုကရေစီတရား ပြည်သူများအတွက်
လက်တွဲညီညာ မှန်တာကိုလုပ်
မဟုတ်တာပယ် လူငယ်အင်အား
ကျောင်းသားအားနဲ့  ရဟန်းရှင်လူထူ
လုပ်သားပြည်သူ စိတ်ဝမ်းတူက
ဘယ်မူစနစ် ဘယ်ပြည်သစ်ဆီ
ရည်မျှော်မှန်းဆ ပန်းတိုင်ကတော့
ရောက်မှာမုချ မလွဲပင်
ဒီမိုကရေစီတိုက်ပွဲ အောင်ပွဲဝင်
ကမ္ဘာသမိုင်း မော်ကွန်းတင်စေ။


No comments: