Thursday, November 29, 2007

တက္ကဆတ် မှ ကြေကွဲဖွယ် တကယ့်ဖြစ်ရပ်

အောက်ပါသတင်းမှာ ခေတ်ပြိုင်သတင်းဝဘ်ဆိုဒ်မှကာတွန်း သားငယ် ( ဟစ်တိုင် )ဆောင်းပါးကိုကူးယူတင်ပြထားခြင်းဖြစ်ပါသည်။
ီမိဘများမှကလေးငယ်များအားကားထဲတွင်တစ်ယောက်တည်းထားခဲ့ရာမှကလေးက ကားကိုလူကြီးမောင်းသလိုအတုမြင်အတတ်သင်ပြီး
ဆော့ကစားရာမှာယခုလိုကြေကွဲဖွယ်ရာဖြစ်ရပ်များဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။စာရေးသူကိုယ်တိုင်မှလည်း ကလေးငယ်တစ်ယောက်မှ
မိခင်အလစ်တွင်ကားရှေ့ ခန်းပြောင်းထိုင်ပြီးကားစက်ကိုနှိုးလိုက်သည်ကိုမျက်မြင်တွေ့ ဖူးပါသည်။ ကလေးတို့ သဘာဝမှာ လူကြီးလုပ်
သည်ကိုမှတ်ထားပြီးလူကြီးအလစ်တွင်လိုက်လုပ်တတ်ပါသည်။ ထိုသဘာဝကိုသတိထားပြီးထိန်းသိမ်းရမည်မှာ မိဘတို့ တာဝန်သာဖြစ်ပါ
သည်။ ပြသ၁နာတစ်ခုဖြစ်ပွားပါက ခံရသူဘက်မှရော မှားယွင်းသူဘက်မှာပါပြန်လည်ပေးဆပ်မရနိုင်သောနစ်နာဆုံးရူံးမူများဖြစ်လာတတ်
ပါသည်။ ပြသ၁နာဖြစ်ပွားလာပါက ပြုလုပ်လိုက်သူမှာ ကလေးဖြစ်ပြီးအပြစ်ရှိသူမှာလူကြီးများကိုယ်တိုင်ဖြစ်သည်ကို သတိချပ်သင့်ပါသည်




မတော်တဆ ဖြစ်ရပ်ကြောင့် ကွယ်လွန်သူ သမီးငယ် စန္ဒာဝင်း

အမေရိကန်နိုင်ငံ တက္ကဆတ်ပြည်နယ် အနောက်မြောက်ထောင့်ရှိ အမားရီးလိုမြို့တွင် ပြီးခဲ့သည့် နိုဝင်ဘာလ (၁၇)ရက် တနင်္ဂနွေနေ့က ညနေ (၅) နာရီခန့်တွင် အမှတ် ၅၉၀၀ အနောက်မြောက် အမှတ် ၉ရိပ်သာလမ်း တွင် မြန်မာ မိသားစုများအတွက် ၀မ်းနည်းဖွယ်ရာ အဖြစ်အပျက်တခု ဖြစ်ပွားခဲ့သည်။
အခင်းဖြစ်ပွားပုံမှာ အမှတ် ၅၉၀၀ အဲဗားဂရင်း အပါတ်မန့်တွင် အဖ ကိုဖျာပေါ နှင့် အမိ မ၀င်းရီ တို့၏ သမီး လမ်းလျှောက်တတ်ခါစ ၁နှစ်နှင့်လေးလသား အရွယ် စန္ဒာဝင်းမှာ အကို အမများနှင့် အိမ်နီးနားချင်း ကိုဘားဟာ မှ အသားကင် ( ဘာဘီကျူး ) ဖုတ်စားရာတွင် ကလေးများ စားသောက်၍ ဆော့ကစားရာနေရာ ကိုပေါ်ဦးတို့ မိသားစု (၁၉၉၈မော်ဒယ် တိုယိုတာ ကင်မရီ) ကားနှင့် ထိုရှေ့သို့ ရောက်ရှိလာပြီး သားဖြစ်သူမှာငိုကြွေးနေ၍ အခုပဲပြန်မည်ဖြစ်ကြောင်း ပြော၍ အစောတလျင် ကားစက်မသတ်ကာ နောက်ဖုံးဖွင့်၍ ဗိုက်ကြီးသယ်ဇနီးသည် ဖြစ်သူ မနော်ဒါး အတွက် သခွားမသီး ခွဲကြွေးရန် နှင့် သူငယ်ချင်းဖြစ်သူအား ကားပြင်ရန် ကားပစ္စည်းများထုတ်ပေးနေစဉ် ကားနောက်ခန်းမှ သားဖြစ်သူ ၄နှစ်သားအရွယ် စောအယ်ထူး မှာ ကားရှေ့ခန်းသို့ ပြောင်းဝင်လာကာ ကားမောင်းသကဲ့သို့ ဆော့ကစား၍ အော်တိုဂီယာအား ဖြုတ်မိလိုက်ရာ ကားမှာတုန့် ကနဲဖြစ်သွားသဖြင့် ကိုပေါ်ဦးမှာ အံ့အားသင့်နေစဉ် ကားရွေ့လာ၍ အရှေ့တည့်တည်အပါတ်မန့်တွင် စင်္ကြတွင် ရှိသော ကလေးများ ၅ယောက် ၆ယောက်ခန့်မှာ လန့်ပြေးကြသော်လည်း လမ်းလျှောက်တတ်ခါစ အရွယ် စန္ဒာဝင်းမှာ ချက်ချင်း တုန့်ပြန်မှုနှေး သဖြင့် ကားဘမ်ဘာနှင့် အပါတ့်မန့် နံရံကြား ဦးခေါင်းညှပ်မိကာ ဖြစ်နေစဉ် ကိုပေါ်ဦးမှာ အသက်လုရန် ကြိုးပမ်းသော်လည်း နောက်ကျသွားပြီဖြစ်ကာ ကားအားနောက်သို့ ပြန်ရွှေ့၍ အရေးပေါ် နိုင်းဝမ်းဝမ်း (၉၁၁) သာခေါ်လိုက်ရတော့သည်။
အရေးပေါ်ကားခေါ်ရာ မိနစ်အနည်းငယ်ကြာ လွဲချော်မှုဖြစ်နေသော်လည်း အိမ်နီးချင်းများဖြစ်သော ကိုရန်နိုင် ပြောပြချက်အရ ထိုအချိန်၌ပင် ကလေးမှာ ညာဖက်ဦးခေါင်းတွင် ပြင်းထန်စွာ ဒါဏ်ရာရရှိ၍ အသက်မရှိတော့ပေ၊ တာဝန်ရှိရဲများ ရောက်ရှိလာသော အခါ ကိုပေါ်ဦးနှင့် မိသားစုအား နာရီတော်ကြာ ရဲကားပေါ်တွင် ထိမ်းသိမ်းထားသော်လည်း ယခုအခါ ပြန်လွှတ်ပေးထား၍ အခင်းဖြစ်ပွားရာကို စုံစမ်းထောက်လှမ်းနေသဖြင့် ကိုပေါ်ဦးနှင့် မိသားစုအား မည်သို့မှ တုန့်ပြန်မှုမပြုသေးချေ။
စန္ဒာဝင်း၏ မိဘများဖြစ်သော ကိုဖျာပေါမှာ ကျန်းမာရေးအခြေအနေရ အလုပ်မလုပ်ကိုင်နိုင်ပဲ ဇနီးဖြစ်သူ မ၀င်းရီ၏ ( Tyson Fresh Meats Inc. ) အလုပ်အကိုင်ကိုသာ မှီခိုနေရသူ ဖြစ်သည်၊ စန္ဒာဝင်းတို့ မိသားစုမှာ ၂၀၀၆ ခုနှစ်တွင် ထိုင်းနိုင်ငံ ထမ်ဟင် မှ ရွှေ့ပြောင်းအခြေချ နေထိုင်သူများ ဖြစ်ကြသည်၊ ကိုပေါ်ဦး နှင့် ကိုဖျာပေါတို့ မိသားစုမှာ အလွန်ရင်နှီးသည့် မိတ်ဆွေများဖြစ်ကြကာ ကလေးများ၏ မတော်တဆဖြစ်ရပ်ကြောင့် အတတ်နိုင်ဆုံး ကြေအေးလိုက်သော်လည်း ဥပဒေအကြောင်းအရာအရ မည်သို့ စီယင်ဆုံးဖြတ်မည်ကို စောင့်ကြည့်ရဦးမည် ဖြစ်သည်၊ ကိစ္စအ၀၀ကို အမားရီးလိုရှိ ဗမာကွန်မြူနတီ မိသားစုများ နှင့် ကက်သလစ်ချာရတီ ဆားလ်ဗစ်မှ ကိုမင်းအောင် ( Case Manager ) တို့ တနင်္လာနေ့ မြေချမြုပ်နှံနိုင်ရန် ဖျူနရယ်ဆားလ်ဗစ်များနှင့် တိုင်ပင်ဆောင်ရွက်နေသည်ဟု မြို့ခံ မငယ်မှ ဟစ်တိုင်သို့ဖြေဆိုသည်။
ဟစ်တိုင်မှ ကိုပေါ်ဦးအား မေးမြန်းရာတွင် “ကျနော့်လိုအဖြစ်ဆိုးမျိုး ဘယ်မိဘမှ မဖြစ်စေချင်ဘူး၊ ရဲကိုလည်းပြောထားတယ် ကျနော့် သားက မသိတတ် သေးတဲ့ အရွယ်မတော်တဆ ဖြစ်ရပ်ကြောင့် ပေးတဲ့ အပြစ်ဒါဏ် ကျနော်ခံပါ့မယ်လို့” ဖြေကြားသည်၊ အလားတူ ၅နှစ်အောက် ကလေးငယ်များ မတော်တဆ ယာဉ်တိုက်မှုမှာ ယခုနှင့် ဆိုလျှင် အမေရိကန်နိုင်ငံတွင် ၂ကြိမ်ရှိပြီးဟု သိရှိရသည်။
အလားတူ လွန်ခဲ့သည့် အောက်တိုဘာလ(၉)ရက်နေ့မှ ရက်နှစ်ဆယ်နီးပါး ကယ်လီဖိုနီယားတောင်ပိုင်း စန်တာဘာဘရာ ကောင်တီ မှ မက္ကဆီကို နယ်စပ် အထိ လောင်ကြွမ်းခဲ့သော တောမီးမှာ လူ၉ဦးသေ၍ အိမ်ခြေ ၅၀၀၀ ကျော် မြေဧကပေါင်း ၅သိန်းကျော် ၀ါးမြိုကာ စန်တီရေးဂိုးမြို့ကြီးတွင် အရေးပေါ် အခြေအနေကြေငြာခဲ့ရသော လက်သည် တရားခံမှာ ၁၀နှစ်သား ကလေး မီးခြစ် ဆော့ကစားရာမှ စတင်ခြင်း ဖြစ်သည်။

No comments: